Breaking News >> News >> Democratic Voice of Burma


အီရန်က ပြည်တွင်းလုပ် ဒုံးကျည် ၁ စင်း ပစ်လွှတ်


Link [2022-02-10 06:32:35]



အီရန်အစိုးရနဲ့ အမေရိကန်အစိုးရတို့ကြား နျူကလီးယားဆွေးနွေးမှု ပြန်လည်စတင်နေပြီး ၁ ရက်အကြာမှာ အီရန်က ပြည်တွင်းလုပ် ဒုံးကျည်တစင်းကို ကီလိုမီတာ ၁၄၅၀ အကွာအဝေးထိ  ပစ်လွှတ်ခဲ့ပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ  အဆင့်မြင့်ဒုံးကျည် ထုတ်လုပ်တဲ့နိုင်ငံပါ။ သူ့ရဲ့ တိုက်ချင်းပစ်ဒုံးကျည်က ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) အကွာဝေးထိ ပစ်လွှတ်နိုင်ပြီး၊ အစ္စရေးနဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ရောက်ရှိနိုင်တယ်လို့ ကြေညာထားတာပါ။ အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သစ်ကို ခိုင်ဘာ ဒုံးကျည်လို့ နာမည်ပေးထားပြီး၊ ၇ ရာစုက ဂျူးတို့ပိုင်ဆိုင်တဲ့ ခိုင်ဘာဒေသကို မွတ်ဆလင်စစ်သူရဲကောင်းတွေ သိမ်းပိုက်ခဲ့မှုကို အစွဲပြုပြီး အမည်ပေးတာလို့ နိုင်ငံပိုင်ရုပ်သံ က ပြောပါတယ်။ အီရန်အစိုးရက အမေရိကန်နဲ့ အစ္စရေးကို ကာကွယ်ဖို့အတွက် အဆင့်မြင့်ဒုံးကျည် များများထုတ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ခံယူထားတာပါ။  တိုက်ချင်းပစ်ဒုံးကျည်စီမံကိန်း ရပ်ဆိုင်းဖို့ကို […]

Most Read

2024-09-22 18:41:30