Breaking News >> News >> Democratic Voice of Burma


ရုရှားစစ်သင်္ဘော ၆ စီး ပင်လယ်နက်ထဲသို့ ပြန်လည်ဝင်ရောက်


Link [2022-02-10 06:32:35]



ရုရှားစစ်သင်္ဘောကြီး ၆ စီးဟာ ယူကရိန်းအနီးမှာ ရေတပ်စစ်ရေးလေ့ကျင့်မှု အပြင်းအထန်လုပ်ဖို့ မြေထဲပင်လယ်ကနေ ပင်လယ်နက် Black Sea ထဲကို ပြန်လည်ခုတ်မောင်း ဝင်ရောက်လာခဲ့ပါတယ်။ ဘောလ်တစ်ပင်လယ် ရေတပ်နဲ့ ဆီးရီးယားကိုရောက်နေတဲ့ ရုရှားရေတပ်တွေကို Black Sea ထဲ ပြန်လည်ခေါ်ယူခဲ့တဲ့ ဗီဒီယိုတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အခုရက်ပိုင်း ထုတ်လွှင်ခဲ့ပါတယ်။  စစ်သင်္ဘော ၆ စီးဟာ တူရကီရေလက်ကြားကို အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာဖြတ်ပြီး  Black Sea ထဲ ပြန်လည် ဝင်ရောက်လာတာပါ။  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာရှိ ရုရှားရေတပ်အားလုံးကို  ဖေဖော်ဝါရီလအတွင်း ပြန်လည်စုစည်းပြီး ယူကရိန်းနဲ့ အနီးဆုံးနေရာမှာ စစ်ရေးလေ့ကျင် အင်အားပြသွားမယ်လို့ အစောပိုင်းကတည်းက ကြေညာထားတာပါ။  ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုတဲ့ အနောက်အုပ်စုရဲ့ စွပ်စွဲမှုအားလုံးကို ဆက်ပြီး ငြင်းဆန်ထားဆဲပါ။  […]

Most Read

2024-09-22 18:36:46