Breaking News >> News >> Democratic Voice of Burma


အိန္ဒိယတောင်ပိုင်းပြည်နယ်၌ ဆန္ဒပြပွဲဖြစ်ပွားပြီး ကျောင်းနှင့်ကောလိပ်များ ၃ ရက်ပိတ်ရန် အမိန့်ထုတ်


Link [2022-02-10 06:32:35]



အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ ကျောင်းတွေနဲ့ ကောလိပ်တွေကို ၃ ရက်ပိတ်ဖို့ အမိန့်ပေးထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ တချို့ကျောင်းတွေက မွတ်စလင် အမျိုးသမီးခေါင်းဆောင်း ဝတ်ထားတဲ့ ကျောင်းသူတွေကို ကျောင်းထဲဝင်ခွင့် ငြင်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြအပြီး ခုလို အမိန့်ထုတ်လိုက်တာပါ။ ဘန်ဂါလူရူမြို့မှာ တားမြစ်ပိတ်ပင်ချက်ကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ရဲတွေကို ဆန့်ကျင်ပြီး အင်တိုက်အားတိုက် ဆန္ဒပြခဲ့ကြပါတယ်။ အနားမှာတော့ တားမြစ်ပိတ်ပင်ချက်ကို ထောက်ခံသူတွေက တန်ပြန်သပိတ် ဆင်နွှဲရင်း အဝတ်စ တွေကို ဝှေ့ယမ်းနေခဲ့ကြပါတယ်။ အူဒူပီကမ်းရိုးတန်းမြို့မှာ ကျောင်းအတော်များများက ပညာရေးဝန်ကြီးဌာနရဲ့ အမိန့်လို့ ကိုးကားပြောဆိုရင်း မွတ်စလင် အမျိုးသမီးခေါင်းဆောင်း ဝတ်ထားတဲ့ ကျောင်းသူတွေကို ကျောင်းဝင်ခွင့် ငြင်းခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အရင်အပတ်က ဖော်ပြခဲ့ပါတယ်။ […]

Most Read

2024-09-22 18:26:43