Breaking News >> News >> Democratic Voice of Burma


လာကာဇက်ကို အသင်းခေါင်းဆောင် ခန့်အပ်ထားကြောင်း အာဆင်နယ်နည်းပြအတည်ပြု


Link [2022-02-10 06:32:35]



တိုက်စစ်မှူးလာကာဇက်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ထားတယ်လို့ အာဆင်နယ် နည်းပြ အာတီတာက အတည်ပြုသွားပါတယ်။  ပြီးခဲ့တဲ့လပိုင်းက တိုက်စစ်မှူး အူဘာမီယန်းနဲ့ နည်းပြအာတီတာတို့ကြားမှာ စည်းကမ်းပိုင်းဆိုင်ရာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယာယီအသင်း ခေါင်းဆောင်အနေနဲ့ လာကာဇက်က ပွဲစဉ်တွေကို ဦးဆောင်ခဲ့တာပါ။  လက်ရှိအချိန်မှာတော့ အူဘာမီယန်းက ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာကြောင့် လာကာဇက်ကို အသင်းခေါင်းဆောင်သစ်အဖြစ် နည်းပြအာတီတာက အတည်ပြုခန့်အပ်ခဲ့တာပါ။ အသက် ၃ဝ အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ ၂၀၁၇ ခုနှစ်က လိုင်ယွန်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားထားပါတယ်။  ထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကတော့ အသင်းနဲ့ လမ်းခွဲလာခဲ့တာက နည်းပြအာတီတာနဲ့ ပြဿနာဖြစ်ခဲ့တာကြောင့်လို့ ပြောပါတယ်။  နည်းပြအာတီတာဘက်ကတော့ အသင်းကောင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာလို့ ပြန်လည်ဖြေရှင်းထားပါတယ်။  လာကာဇက်ဟာ အသင်းခေါင်းဆောင်သစ်ဖြစ်လာပေမယ့် သူ့ရဲ့စာချုပ်သက်တမ်းက ရာသီအကုန် […]

Most Read

2024-09-22 18:33:03