Breaking News >> News >> Democratic Voice of Burma


ရေဦးမြို့နယ်တွင် ပညာရေးဝန်ထမ်းနှင့် ထွေအုပ်ဝန်ထမ်း ၆၀ ကျော် နုတ်ထွက်


Link [2022-02-09 20:52:24]



စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပညာရေးဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ ဖေဖော်ဝါရီ  ၈ ရက်နဲ့  ၉ ရက်နေ့မှာ တပြိုင်တည်း နုတ်ထွက်စာတင်ထားတယ်လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ ပညာရေးဝန်ထမ်း အယောက် ၃၀ နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၈ ယောက် နုတ်ထွက်စာတင်ထားတယ်လို့သိရပါတယ်။ ပညာရေးဝန်ထမ်းတစ်ဦးက “ကာကွယ်ရေးတပ်ဖွဲ့တွေက စကစ ဒေါက်တိုင်တွေကို သတိပေးတာတွေလုပ်ထားပြီးလည်း ဖြစ်တယ်။ လက်ရှိ ဝန်ထမ်းတွေကို CDM လုပ်ပါလို့ ပြောထားတာလည်းရှိတယ်။ အဲ့ဒီအတွက်နုတ်ထွက်တာလည်းဖြစ်မယ်”လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက်ကလည်း ရေဦးမြို့နယ်မှာရှိတဲ့ ပညာရေးဝန်ထမ်း ၂၈ ယောက် နုတ်ထွက်စာတင်ထားပြီးတော့ နှစ်ရက်အတွင်း နုတ်ထွက်ထားတဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ကျောင်းအုပ်ရာထူးက  ၆ ယောက် […]

Most Read

2024-09-22 20:31:14