Breaking News >> News >> Democratic Voice of Burma


စစ်အာဏာသိမ်း ၁ နှစ်တာကာလ စစ်ကိုင်းတိုင်းတွင် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် အသတ်ခံရ


Link [2022-02-09 20:52:24]



စစ်အာဏာသိမ်းပြီး ၁ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၄၂၃ ယောက်ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။  အစုလိုက်အပြုံလိုက်မီးရှို့သတ်တာ၊ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့ပါတယ်။  စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အပြစ်မဲ့ပြည်သူ ၁၅၂၉ ယောက်ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာပါ။  စစ်ကိုင်းတိုင်းထဲမှာတော့ တစ်နှစ်နီးပါးကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။  စစ်ကိုင်းတိုင်းထဲမှာ ကလေးမြို့နယ်ဟာ စစ်ကောင်စီရဲ့ ပြည်သူအများဆုံး သတ်ဖြတ်တာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး ပြည်သူ ၇၅ယောက်အထိ အသတ်ခံထားရပါတယ်။  […]

Most Read

2024-09-22 20:29:01