Breaking News >> News >> Democratic Voice of Burma


အမေရိကန်စစ်တပ် ပထမအသုတ် ရိုမေးနီးယားသို့ရောက်ရှိ


Link [2022-02-09 20:52:24]



ရုရှားစစ်တပ်က ယူကရိန်းနယ်စပ်မှာ အင်အားတည်ဆောက်နေတာကြောင့် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက် စစ်တောင်ပံကို အားဖြည့်ဖို့ အမေရိကန်စစ်တပ်ရဲ့ ပထမဆုံးအသုတ်ဟာ ရိုမေးနီးယား နိုင်ငံဆီကို ရောက်လာပြီလို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး ဗာဆီးလေး ဒင်ကူက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။ ယူကရိန်း အကျပ်အတည်းက တခြားဒေသတွေကိုပါ ကူးစက်လာမယ့် ဖြစ်နိုင်ခြေအတွက် ဥရောပ အရှေ့ပိုင်းကို ကာကွယ်ဖို့ ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေဆီကို အမေရိကန်က အရန်စစ်အင်အား ၃၀၀၀ နီးပါး စေလွှတ်နေတာပါ။ ဂျာမနီနိုင်ငံထဲက အမေရိကန်စစ်သည်အင်အား ၁၀၀၀ လောက်ပါတဲ့ ရှေ့တန်းတိုက်စစ်တပ်ခွဲကို ရိုမေးနီးယားနိုင်ငံဆီ ပြောင်းရွှေ့တပ်ချမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ပိုလန်နိုင်ငံထဲမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်သည်တချို့နဲ့ စစ်သုံးယာဉ်တွေ လေယာဉ်နဲ့ ရောက်ပြီးနေပါပြီ။ ပြင်သစ်အစိုးရကလည်း ရိုမေးနီးယားနိုင်ငံထဲကို စစ်သည်တွေ […]

Most Read

2024-09-22 20:41:30