Breaking News >> News >> Democratic Voice of Burma


ဘောလ်တစ်ဒေသနိုင်ငံများကို စစ်ရေးအကူအညီပိုပေးရန် လတ်ဗီယာကာကွယ်ရေးဝန်ကြီး ဆော်ဩ


Link [2022-02-09 20:52:24]



ဥရောပမြောက်ပိုင်းက ဘောလ်တစ်ပင်လယ်ကမ်းခြေဒေသနိုင်ငံတွေကို စစ်ရေးအကူအညီ ပိုပေးဖို့ ဥရောပမဟာမိတ်တွေကို လတ်ဗီယာ ကာကွယ်ရေးဝန်ကြီး အားတစ်ပါးဘရစ်ခ်စ်က ဖေဖော်ဝါရီ ၈ ရက်မှာ ဆော်ဩလိုက်ပါတယ်။ အက်စ်တိုးနီးယား၊ လတ်ဗီယာနဲ့ လစ်သူအေးနီးယားနိုင်ငံတွေကို ပံ့ပိုးရာမှာ အမေရိကန်ကို ဥပမာကောင်းယူကြဖို့ကိုလည်း ဂရုတစိုက် ပြောဆိုလိုက်ပါတယ်။  ဒီသုံးနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ပေးနေခဲ့ပြီး အနောက်ဥရောပနိုင်ငံတွေအနေနဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေး အထောက်အပံ့ပေးဖို့ စဉ်းစားတဲ့အခါမှာ ထည့်သွင်းစဉ်းစား ပေးသင့်တယ်လို့လည်း ပါးဘရစ်ခ်စ်က ပြောပါတယ်။ ဂျာမနီလို နိုင်ငံတွေဟာ အမေရိကန်လိုပဲ နည်းလမ်းအများအပြားနဲ့ အထောက်အပံ့ပေးနိုင်စွမ်း သေချာပေါက် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဂျာမနီကလည်း လစ်သူအေးနီးယားနိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၃၅၀ စေလွှတ်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်က ကြေညာပါတယ်။ တပ်ကူတွေဟာ အကောင်းဆုံး […]

Most Read

2024-09-22 20:41:07