Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်


Link [2022-02-09 20:52:24]



မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ PDF-ဂန့်ဂေါတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဂန့်ဂေါမြို့နယ် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ကျောက်ပြုတ်ရွာတွေက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး မနေ့က မွန်းလွဲပိုင်းမှာ စမ်းမြို့ရွာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် PDF-ဂန့်ဂေါနဲ့ တော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ညနေ ၄ နာရီလောက်မှာ Forland ကား ၂ စီးနဲ့ ပြန်လည်ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးသူရှိနိုင်ကာ အတိအကျအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ဂန့်ဂေါမြို့နယ် မြစ်သာမြစ်တစ်ဖက်ကမ်းမှာလည်း ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ PDF-ဂန့်ဂေါတို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးခဲ့တယ်လို့ […]

Most Read

2024-09-22 20:38:45