Breaking News >> News >> Democratic Voice of Burma


ကုန်သွယ်မှုပိုငွေပြတိုင်းကောင်းလား


Link [2022-02-09 09:33:20]



အခုတလော စကစဘက်က ၂၀၂၀-၂၁ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်  ကုန်သွယ်မှုပိုငွေပြတာကို ဂုဏ်ယူဝင့်ကြွားစွာပြောဆိုရေးသားနေတာတွေ့ရတယ်။ တကယ်တော့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ကုန်သွယ်မှုကျဆင်းသွားခဲ့တာဖြစ်ပေမဲ့ ပို့ကုန်က သွင်းကုန်ထက်ပိုလျှံတာကို သူတို့အုပ်ချုပ်စီမံမှုပိုကောင်းလို့ ပိုလျှံသလိုပြောနေတာဖြစ်တယ်။  ကုန်သွယ်မှုပိုငွေပြမှု (trade surplus) ဖြစ်တိုင်း တိုင်းပြည်စီးပွားရေးကောင်းတယ်လိုမဆိုလိုပါ။ ကုန်သွယ်မှုကို အပေါ်ယံကြည့် လေ့လာသုံးသပ်လို့မရပါ။ ဂျာမဏီဆိုလျှင် သူရဲ့ current account surplus က ဂျီဒီပီရဲ့ ၈ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်။ သူရဲ့ ပို့ကုန်ကဏ္ဍက အင်မတန်အင်အားကောင်းတယ်ဆိုပေမဲ့ တကယ်တမ်းမှာ ဒီလိုကုန်သွယ်မှုပိုငွေအမြဲ ပြနေရတာဟာ အိုမင်းတဲ့လူများလာတာနဲ့   ဒီအသက်အုပ်စုဝင်တွေရဲ့ စုဆောင်းငွေများပြားလာတာကြောင့်လို့ ဆိုတယ်။ နောက်ပြီး နိုင်ငံအတွက်ရေရှည်မှာအကျိုးဖြစ်ထွန်းမယ့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကရဲ့ […]

Most Read

2024-09-22 20:31:47