Breaking News >> News >> Democratic Voice of Burma


ဖီဖာကလပ် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးရန် ချဲလ်ဆီးအသင်းခေါင်းဆောင် တိုက်တွန်း


Link [2022-02-09 09:33:20]



ချဲလ်ဆီးအသင်းအတွက် တစ်ကြိမ်မှမရဖူးသေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူပေးကြဖို့ အသင်းခေါင်းဆောင်အက်ဇ်ပီလီကွယ်တာက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သူတို့ အသင်းသမိုင်းမှာ ဆုဖလားအားလုံးရယူထားခဲ့ဖူးပေမဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆုတစ်ခုပဲ ရယူနိုင်ခြင်းမရှိသေးတာပါ။ ၂၀၁၂ ခုနှစ်က ဗိုလ်လုပွဲတက်ခဲ့ဖူးပေမဲ့ ဘရာဇီးကလပ်ကိုရင်တီယန်ကို ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့လို့ ဆုဖလားလက်လွှတ်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်ကပါဝင်ကစားခဲ့တဲ့ နောက်ခံလူ အက်ဇ်ပီလီကွယ်တာကတော့ ဒီတစ်ကြိမ်မှာ ထပ်ပြီး လက်မလွှတ်ရဖို့အတွက် သေချာအာရုံစိုက်ပြီး ကစားကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အနေနဲ့ ဆော်ဒီကလပ်  အယ်လ်ဟီလာအသင်းနဲ့ ဒီကနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။  “ကျနော်တို့ အခွင့်အရေးတစ်ခုကို ဒီတစ်ကြိမ်လက်လွှတ်လို့မဖြစ်ပါဘူး။ ၂၀၁၂ ခုနှစ်က အရူံးက အများကြီးနာကျင်ခံစားခဲ့ရတယ်။ ဒီဖလားက ကျနော်တို့အသင်းမရဖူးသေးတဲ့ တစ်ခုတည်းသော ဖလားဖြစ်တယ်။ အဲဒီအတွက် ဒီဖလားကို ပထမဆုံးအကြိမ် ရယူနိုင်မယ်ဆိုရင် အသင်းအတွက် အများကြီးဂုဏ်ရှိသွားမယ်။”  […]

Most Read

2024-09-22 20:44:25