Breaking News >> News >> Democratic Voice of Burma


မိုးကုတ်တွင် စစ်တပ်က လူငယ်များစာရင်း ကောက်ခံနေသဖြင့် ဒေသခံများ စိုးရိမ်


Link [2022-02-09 09:33:20]



မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီတပ်က ရပ်ကွက်အချို့မှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် လူငယ်တွေရဲ့စာရင်း တိတ်တဆိတ်ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် လူစာရင်းကောက်ခိုင်းတာ၊ ရပ်ကွက်တွေကနေ လူငယ်တွေ တောင်းတယ်၊ စစ်တပ်က လူလိုလို့ဆိုပြီးတော့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မိုးကုတ်မြို့ရဲ့ ရပ်ကွက်အချို့မှာ လူငယ်တွေကို စာရင်းကောက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်သားအဖြစ် လုပ်ခိုင်းမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ “ကျနော်တို့က တောထဲပဲ သွားချင်တယ်၊ စကစ တပ်သားတော့ မလုပ်ချင်ဘူး” လို့ လူငယ်တစ်ဦးက ပြောပါတယ်။ အခုလို စာရင်းကောက်ခံနေတာ ဘာကြောင့်ကောက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။​ “ရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စုစာရင်းကနေကြည့်ပြီး ကောက်တာ၊ တချို့ဆို သိတောင်မသိလိုက်ဘူး။ သူတို့က ဘာလုပ်ဖို့လဲဆိုတာ မရှင်းပြဘူး။” အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်လို့ […]

Most Read

2024-09-22 20:45:17