Breaking News >> News >> Democratic Voice of Burma


ပြည်သူ့ လူနေမှုဘဝတိုးတက်စေရေး မြောက်ကိုရီးယားလွှတ်တော် ကတိပြု


Link [2022-02-09 09:33:20]



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မနှစ်က ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်စေဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးစေဖို့ မြောက်ကိုရီးယားလွှတ်တော်က ကတိပြုလိုက်တယ်လို့ အစိုးရမီဒီယာက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက အဓိပတိ ပြည်သူ့လွှတ်တော် (SPA) ကို ခေါ်ယူခဲ့ပြီး နိုင်ငံခြားမှာ နေထိုင်သူတွေကို ကာကွယ်ရေး၊ ကလေးသူငယ်စောင့်ရှောက်ရေးတို့အတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့၊ အစိုးရ ဘတ်ဂျက်နဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ အစိုးရ မီဒီယာ KCNA က ပြောပါတယ်။ ဒီအစည်းအဝေးကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း မတက်ဘဲ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ချိုးရယွန်ဟေးက ဦးဆောင်ခဲ့တာပါ။ မြောက်ကိုရီးယားအစိုးရ စီးပွားရေးကြီးကြပ်မှု အကြီးအကဲ ကင်မ်တော့ခ်ဟန်ကတော့ ဒီအစည်းအဝေးမှာ […]

Most Read

2024-09-22 20:42:35