Breaking News >> News >> Democratic Voice of Burma


ရေဦးမြို့နယ် ထွေအုပ်ဝန်ထမ်းနှင့် ပညာရေးဝန်ထမ်း ၃၀ ကျော်နုတ်ထွက်


Link [2022-02-09 09:33:20]



စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်း ၃၀ ကျော် ဖေဖော်ဝါရီ ၈ ရက်နေ့က နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းတွေ နုတ်ထွက်ကြတယ်။ ကျနော်တို့ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်” လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ရေဦးမြို့နယ်  ပေကြီး၊ ဇေယျဝတီ၊ မုံတိုင်ပင်၊ ဇီးကန်၊ နှောကုန်း၊ စည်သာ၊ ပေါက်တော စတဲ့ကျေးရွာတွေက ထွေအုပ်အငယ်တန်းစာရေးတွေ၊ မူလတန်းပြဆရာမတွေနဲ့ ကျောင်းစာရေး တွေ နုတ်ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။ နိုင်ငံတဝန်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ဒေသခံ PDF တပ်ဖွဲ့တွေက သတိပေးထားသလို အထွေထွေအုပ်ချုပ်ရေးရုံးတွေ ဗုံးခွဲဖျက်ဆီးတာ၊ သတိပေးတဲ့ကြားက ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရှင်းလင်းတာတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

Most Read

2024-09-22 20:43:59