Breaking News >> News >> Democratic Voice of Burma


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်ပြောင်းမည်မဟုတ်ဟု ပါတီခေါင်းဆောင်ပြော


Link [2022-02-08 21:54:17]



ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့  ရပ်တည်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။  ဖေဖော်ဝါရီ ၇ ရက်ကျင်းပတဲ့  ၇၅ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့မှာ ပြောဆိုလိုက်တာဖြစ်ပြီး SNLD ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီမူကိုဆက်လက်ဆုပ်ကိုင်ထားတယ်လို့လည်း ပြောပါတယ်။ ပြည်သူတွေဟာ ကိုဗစ်ကာလမှာ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ရတဲ့အပြင် လတ်တလော တိုက်ပွဲတွေကြောင့် အခက်အခဲတွေကြီးမားနေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။ ပါတီရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး အမြဲတမ်းဆန်းစစ်မှုတွေပြုလုပ်နေပြီး မြို့နယ်အသီးသီးက ပါတီခေါင်းဆောင်တွေကိုလည်း ပြန်လည်စုစည်းနေတယ်လို့ဆိုပါတယ်။ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကိုယ့်ရပ်တည်ချက်နဲ့ခိုင်ခိုင်မာမာရပ်တည်နေတဲ့ပါတီဖြစ်ပါတယ်။ ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ရပ်တည်ချက်က ဘယ်လိုမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောကြားချင်ပါတယ်။ အစွန်းတရားတွေကနေ လွတ်မြောက်အောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆန်းစစ်ဝေဖန်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ တိုက်ခိုက်မှုတွေကို ငြိမ်သက်ပြီးဆုံးသွားအောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး နည်းလမ်းတကျပါဝင်ဖြေရှင်းခဲ့တာလည်း […]

Most Read

2024-09-22 20:35:34