Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီယာဉ် မိုင်းဆွဲခံရမှုကြောင့် တပ်သား ၁၃ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး


Link [2022-02-08 21:54:17]



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအနီး ဖေဖော်ဝါရီ ၇ ရက် ည ၁၁ ရာရီကျော်မှာ တောင်ပြိုဘက်ကနေ ဒဏ်ရာရလူနာတွေ တင်ဆောင်ပြီး ဆင်းလာတဲ့ စစ်တပ်ကားမိုင်းဆွဲခံရမှုမှာ အရပ်သား ၂ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကားက သစ်တွေ၊ ဝါးတွေတင်ဆောင်နေတဲ့ ဖားဝပ်ချောင်းကျေးရွာကကား။ စစ်တပ်က ဒဏ်ရာရရှိသူတွေကို တင်ဆောင်ဖို့ ချောဆွဲလာတာ။ မိုင်းဆွဲခံရတော့ ကားပိုင်ရှင်အမျိုးသမီးနဲ့ ကားဒရိုင်ဘာပါပါသွားတာ။ စစ်တပ်ဘက်က ၁၃ ဦးကျတယ်လို့တော့ ပြောသံကြားတယ်” လို့ ​ငန်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်က မောင်တောမြောက်ပိုင်း တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ နဲ့ ၆ ရက်နေ့တွေမှာ […]

Most Read

2024-09-22 20:44:32