Breaking News >> News >> Democratic Voice of Burma


ကိုဗစ်ကာကွယ်ဆေးထိုးရမည့်အစီအစဉ်ကို ကနေဒါ ကုန်ကားမောင်းသမားများ ဆက်လက်ဆန္ဒပြ


Link [2022-02-08 10:12:38]



ကနေဒါနိုင်ငံ မြို့တော် ​အော့တာဝါမှာ မဖြစ်မနေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမယ့် အစီအစဉ်ကို  ကုန်ကားမောင်းသူတွေ ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြနေကြတာ ဆယ်ရက်မြောက်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ အစိုးရကတော့ ကာကွယ်ဆေးထိုးရမယ့်အစီအစဉ်ကို နောက်ဆုတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်ကို ဆန့်ကျင်ရာကနေ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ အစိုးရကို ပစ်မှတ်ထားတဲ့အထိ ပြောင်းလဲလာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ပြီးခဲ့တဲ့ ၉ ရက်တာအတွင်း အော့တဝါမြို့တော်ရဲ့ မြို့လယ်ကို ပိတ်ဆို့ထားခဲ့ပြီး တချို့ဆန္ဒပြသူတွေက ခွဲထွက်ရေးဝါဒီ အလံတွေနဲ့ နာဇီအလံတွေကိုပါ ဝှေ့ယမ်းခဲ့ကြကာ ကနေဒါအစိုးရကို ဖြုတ်ချလိုကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ ရောဂါ ခြေချုပ်နဲ့ နေနေရတဲ့ ကနေဒါဝန်ကြီးချုပ် ထရူဒူကတော့ […]

Most Read

2024-09-22 20:32:16