Breaking News >> News >> Democratic Voice of Burma


ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်က လူငယ် ၁ ဦးကိုပစ်သတ်၊ ၁ ဦးကိုဖမ်းဆီး


Link [2022-02-08 10:12:38]



ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်က  လူငယ် ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းကို ယူစစ်ဆေးပြီးနောက် ဖေ့စ်ဘွတ်ခ်မှာ  NUG ပရိုဖိုင်ပုံတင်ထားတဲ့ လူငယ်တယောက်ကို ပစ်သတ်လိုက်ကာ နောက်တယောက်ကိုတော့ ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ပစ်သတ်ခံရတဲ့လူငယ်က အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကျော်ဟန် ဖြစ်ကာ ရင်ဘတ်ပွင့်ထွက်၊ ခြေထောက်တချောင်းကျိုးပြီး မျက်နှာမှာလည်း  ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ  ၅ ရက်က  စစ်ကောင်စီလက်အောက်ခံ  ပြည်၊ အင်းမ ၆၆ တပ်က  ဗိုလ်ကြီးစိုးသူနဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ  ကြို့ပင်ကောက်မြို့နယ် စိုင်ဂေါင်းကျေးရွာက လူငယ်နှစ်ယောက်ဖြစ်တဲ့ ကိုဖြိုးကျော်ဟန်နဲ့ ကိုရှိုင်းဝဏ္ဏထက်တို့ဆီကနေ  ဖုန်းကို ယူစစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့    ဒေသခံတယောက်က ပြောပါတယ်။ “သူတို့ သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာ‌ဝေဖို့ […]

Most Read

2024-09-22 20:31:42