Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီတပ် မြေပြင်၊ ဝေဟင် ထိုးစစ်ကြောင့် ရေဦးဒေသခံ ထောင်ချီထွက်ပြေးနေရ


Link [2022-02-08 10:12:38]



စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ မြေပြင်ရော လေကြောင်းရောပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တောင်ပြင်ငယ်ကျေးရွာနဲ့ ပလူဇဝရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ တောင်ပြင်ငယ်ရွာကို ဖေဖော်ဝါရီလ ၆ ရက်နေ့ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာ။ ပထမ ဂျက်လေယာဉ် ၃ စီးနဲ့လာပြီး စစ်သားတွေ လာချတယ်ဗျ။ နောက်တော့ M35 လို့ ပြောတာ ပဲ၊ အဲဒီလေယာဉ်နဲ့ ပစ်တော့တာပဲ။ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတယ်ဗျ။ ဖေဖော်ဝါရီ ၇ ရက်‌နေ့ကတော့ ကျနော်တို့ရွာနဲ့ သိပ်မဝေးတဲ့ ပလူဇဝကျေးရွာကို ထပ်ပြီး ဂျက်လေယာဉ် ၃ စီးနဲ့ […]

Most Read

2024-09-22 20:37:21