Breaking News >> News >> Democratic Voice of Burma


အေအေနှင့် စစ်ကောင်စီတိုက်ပွဲကြောင့် မောင်တောဒေသခံများ ဖမ်းဆီးစစ်ဆေးခံနေရ


Link [2022-02-08 10:12:38]



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ “တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် အခု ကျနော်တို့ နွားကျောင်းသွားလို့ မရဘူး။ တောထဲသွားလို့ မရတော့ဘူး။ ဘာအလုပ်မှ လုပ်စားလို့ မရတော့ဘူး။ နွားကျောင်းသွားတဲ့ ကလေးတွေကို တပ်မတော်က တနေကုန် ကြိုးတုပ်ပြီး ဖမ်းဆီးထားတာတွေ ရှိတယ်။ နောက်ပြီး မင်းတို့ တောထဲမဝင်နဲ့၊ ထင်းမခုတ်နဲ့၊ ဝါးမခုတ်နဲ့ဆိုပြီး တားဆီးတာတွေ ရှိနေတယ်” လို့ မောင်တောမြောက်ပိုင်း ကျေးရွာဒေသခံတဦးက ပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီ ၄ ရက်နေ့ နဲ့ ၆ ရက်နေ့တွေက နေရာသုံးခုမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် […]

Most Read

2024-09-22 20:38:30