Breaking News >> News >> Democratic Voice of Burma


ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ ပစ်ခတ်မှုဖြစ်ပြီး လူ ၂ ဦးဒဏ်ရာရ


Link [2022-02-07 22:33:35]



ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဖေဖေါ်ဝါရီ ၇ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး  ပြည်သူ ၂ ယောက်  ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖန်ခါးကုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားတဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာပစ်ခတ်သွားတဲ့အတွက် အိမ်ပိုင်ရှင်လင်မယား ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံက ပြောပါတယ်။ “မနက် ၄ နာရီလောက်က ပေါက်ကွဲ ပစ်ခတ်သံ ကြားရတယ်။ စစ်တပ်က စစ်ဆေးရေးဂိတ်ကို  သူတို့ခြံဝင်းထဲလာဖွင့်ထားတာ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက် ဒဏ်ရာရသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒဏ်ရာသွားတဲ့ လင်မယားကို စစ်ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ် စစ်ဆေးနေပါတယ်။ စစ်ဆေးရေးဂိတ် ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားအပြီး မနက်  ၁၁ နာရီလောက်မှာ ဗန်းမော်မြို့နယ် စည်ပင်သာယာရေးရုံးရှေ့မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

Most Read

2024-09-22 20:34:08