Breaking News >> News >> Democratic Voice of Burma


မိုးမိတ်တွင် စစ်တပ်ကပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ၁ ဦးအပါအဝင် ၃ ဦး ပျောက်ဆုံးနေ


Link [2022-02-07 22:33:35]



ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့သူ ၁ ဦးနဲ့ ဒဏ်ရာရသူအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီနေ့အချိန်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသူ ၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးလုံးကို စစ်တပ်က ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။ “ခရိုင်ရုံးနားမှာ လူ သုံးယောက်ဆိုင်ကယ်စီးလာတာ တားတာ မရပ်ပေးလို့ မိုးပေါ်တချက် ထောင်ပစ်လိုက်တယ်။ မရပ်ပေးသေးလို့ ပစ်လိုက်တာ ၁ ယောက်သေတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။  […]

Most Read

2024-09-22 20:29:24