Breaking News >> News >> Democratic Voice of Burma


ရေဦးမြို့နယ် ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်အင်အားတိုးချ


Link [2022-02-07 22:33:35]



စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သောင်ပြင်ငယ်ကျေးရွာနဲ့ ပလူစဝကျေးရွာတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ပစ်ခတ်ပြီး ရဟတ်ယာဉ်နဲ့ စစ်သားတွေ နေရာချခဲ့ပါတယ်။  ရွာသားတွေကတော့ ဘေးလွတ်ရာ ရှောင်ပြေးနေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးပါဘူး။  ရွာထဲမှာ ပစ်ခတ်ဖောက်ခွဲပြီး ပစ္စည်းတွေ နေအိမ်တွေကို ဖျက်ဆီးနေတဲ့အသံတွေကိုတော့ ကြားခဲ့ရတယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။  လေယာဉ်နဲ့ပစ်ခတ်တာကြောင့် ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်ခွင့်မရခဲ့ဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ရေဦးမြို့နယ်၊ သောင်ပြင်ငယ်ရွာသားတစ်ဦးက ပြောပါတယ်။ “ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ရောက်လာပြီး ရွာကိုပတ်ကြည့်တယ်။ တိုက်လေယာဉ်တစ်စီး ရဟတ်ယာဉ် ၃ စီး။ ရဟတ်ယာဉ်တွေက ပစ်ကူပြီးတော့ လူချတယ်။ ပျက်စီးဆုံးရှုံးမှုတော့ အတိအကျမသိရသေးဘူး။ ကားတွေတော့ဖျက်စီးတယ်လို့ […]

Most Read

2024-09-22 20:45:19