Breaking News >> News >> Democratic Voice of Burma


တရုတ်နိုင်ငံသို့ မြန်မာပြည်မှ ပြောင်းချဉ်ဖတ် စမ်းသပ်တင်ပို့မည်


Link [2022-02-07 22:33:35]



တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ ပြောင်းနဲ့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေ တင်ပို့နိုင်ဖို့ အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( GACC) နဲ့ အဆိုပါဌာနတို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီဌာနရဲ့ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းဖူးစေ့ကို တိရစ္ဆာန်အစာအနေနဲ့ တရုတ်နိုင်ငံကို တင်ပို့ဖို့သဘောတူညီချက်ရရှိပြီး ဖြစ်သလို၊ ပြောင်းချဉ်ဖတ်ကို စမ်းသပ်တင်ပို့ဖို့ အတွက်လည်း နှစ်ဘက် သဘောတူညီထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသဘောတူညီမှုတွေအရ မြန်မာနိုင်ငံက ပြောင်းနဲ့ တိရစ္ဆန်အစာ ပြောင်းချဉ်ဖတ်တွေကို တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တရားဝင်တင်ပို့နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြ၀တီနယ်စပ်ကုန်သွယ်ရေးက တစ်ဆင့်ထိုင်းနိုင်ငံကို […]

Most Read

2024-09-22 20:39:43