Breaking News >> News >> Democratic Voice of Burma


အမေရိကန်တပ်များ ပိုလန်သို့ ရောက်ရှိ


Link [2022-02-07 10:53:20]



ရုရှားတပ်တွေ ယူကရိန်းနယ်စပ်တလျှောက် ပိုမိုချထားနေချိန်မှာ အမေရိကန်တပ်တွေက  အရှေ့ဥရောပရှိ နေတိုးတပ်တွေကို ပိုမိုအားဖြည့်ပေးဖို့  ဖေဖော်ဝါရီ ၆ ရက်က ပိုလန်ကို ရောက်ရှိ လာပါတယ်။ အမေရိကန်တပ်တွေကို ယူကရိန်းချထားတဲ့အပြင် မဟာမိတ်နေတိုးတပ်ဖွဲ့တွေရှိတဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ အခုရက်ပိုင်း ပိုမိုအားဖြည့်တင်းထားတာပါ။  ပိုလန်ကို ရောက်ရှိလာတဲ့ အမေရိကန်တပ်အင်အားထဲမှာ လေထီးတပ်သား ၁၀၂ ဦးနဲ့ စစ်လက်နက်ပစ္စည်းတွေ ချနိုင်တဲ့ C17 တိုက်လေယာဉ်တစ်စင်းလည်း ပါပါတယ်။ သမ္မတဂျိုးဘိုင်ဒင်က ပိုလန်နဲ့ ရိုမေးနီးယားကို တပ်အင်အား ၃၀၀၀ စေလွှတ်ဖို့ အမိန့်ပေးထားတာပါ။  စနေနေ့က အမေရိကန် အမှတ် (၈၂) လေတပ် တိုက်လေယာဉ်အုပ်စု ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ ဒါနာရှု  ကိုယ်တိုင် ကြီးကြပ်နေပါတယ်။

Most Read

2024-09-22 22:35:38