Breaking News >> News >> Democratic Voice of Burma


ရုရှား မကျူးကျော်ရေး ယူကရိန်းနိုင်ငံတွင် လူထောင်ချီ ဆန္ဒပြ


Link [2022-02-07 10:53:20]



ရုရှားနဲ့ တင်းမာမှုအထွတ်အထိပ်ရောက်ရှိနေချိန်မှာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်မှာ ဖေဖော်ဝါရီ ၆ ရက်က လူတွေ ထောင်ချီ လမ်းပေါ်ထွက်ပြီး နိုင်ငံအလံတွေ ကိုင်ဆောင်၊ မျိုးချစ်စိတ်ဓာတ်သီချင်းတွေသီဆိုကာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ စက်မှုမြို့တော်ခါကိဗ်က ရုရှားနယ်စပ်နဲ့ ကီလိုမီတာ ၄၀ လောက်ပဲ ကွာဝေးတာပါ။ သမ္မတဇာလန်စကီးက ပူတင်ရဲ့တပ်တွေ ကျူးကျော်လာနိုင်တဲ့ ပထမဆုံးမြို့လို့ အင်တာဗျူးတခုမှာ ပြောထားပါတယ်။ ချီတက်ပွဲမှာပါဝင်တဲ့ မြို့ဒေသခံတဦးက “ခါကိဗ်ဟာ ယူကရိန်းရဲ့မြို့ပါ၊ မြို့လူထုက ဘယ်တော့မှ ရုရှားထံ အညံ့မခံဘူး။ ရုရှားက စစ်ပွဲဝါဒဖြန့်မှုတွေ နေ့စဉ်လုပ်ပြီး လူတွေကို စိုးရိမ်ကြောက်လန့်အောင် လုပ်နေတယ်။  ပူတင်ကို ပြောလိုတာက ခင်ဗျားရဲ့ မိုက်မဲမှုတွေ ရပ်ပါ။ ငါတို့ နိုင်ငံကို ကျူးကျော်မလာပါနဲ့” လို့ ပြောပါတယ်။

Most Read

2024-09-22 22:18:46