Breaking News >> News >> Democratic Voice of Burma


အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါအသင်းပထမဆုံးအကြိမ် ဗိုလ်စွဲ


Link [2022-02-07 10:53:20]



အာဖရိကနိုင်ငံများဖလားဘောလုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ပွဲအစ ၇ မိနစ်ကတည်းက ဆီနီဂေါက ပယ်နယ်တီရခဲ့ပြီး မာနေးကန်သွင်းချက် ဂိုးမဝင်ခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာပါ။ အချိန်ပိုမိနစ် ၃ဝ မှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီကန်သွင်းပြီးဆုံးဖြတ်ခဲ့ရာမှာ ဆီနီဂေါက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အီဂျစ်ကပင်နယ်တီနှစ်ကြိမ်လွဲချော်ခဲ့ပြီး ဆီနီဂေါက တစ်ကြိမ်သာလွဲချော်ခဲ့ကာ အနိုင်ရရှိစေမယ့်နောက်ဆုံးပင်နယ်တီကို မာနေးက ကန်သွင်းပြီး ၄ ဂိုး ၂ ဂိုးနဲ့ ဆီနီဂေါက အနိုင်ရခဲ့တာပါ။ ၁၉၅၇ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားသမိုင်းမှာ ဆီနီဂေါအသင်းက  ၂၀၀၂ ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်ခဲ့ဖူးပေမဲ့ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရတာပါ။ […]

Most Read

2024-09-22 22:25:28