Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်က မိုင်တဲလ်တာဝါတိုင် ထပ်မံ မိုင်းခွဲဖျက်ဆီးခံရ


Link [2022-02-06 23:15:13]



မွန်ပြည်နယ် ရေးမြို့နယ်  အယုတောင်ကျေးရွာနားရှိ  မိုင်တဲလ်တာဝါတိုင်တစ်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ရေး PDF မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့  ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ၀င်ငွေစီးဆင်းမှုတွေ ရပ်တန့်အောင် အခုလို မိုင်တဲလ်တာဝါတိုင်စက်ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာလို့  ဆိုပါတယ်။ ရေးမြို့နယ်မှာ ‌စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုင်တဲလ်တာဝါတိုင် ၈ ခုမြောက် ဖျက်ဆီးခံထားတာဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာတော့ မြေအောက်ဆက်သွယ်ရေးလိုင်းတွေ အပါအဝင် မိုင်တဲလ်တာဝါတိုင် အနည်းဆုံး ၁၀ ခု လောက်ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲံ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စာရင်းတွေအရ တိုင်ပေါင်း ၃၆၀ ကျော်ထိ ရှိပြီး တာဝါတိုင်တစ်စုံလုံးရဲ့ […]

Most Read

2024-09-22 22:19:04