Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ရှောင်တိမ်း


Link [2022-02-06 23:15:13]



မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ “စစ်တပ်က ၂ ရက်လောက်ရှိပြီ၊ ကနင်ကမော့ကျေးရွာဘက်မှာ မနေ့ကတည်းက ရောက်နေတယ်။ ဒီနေ့ ဒါကဒိုက် အနီးဘုရားကုန်းမှာ အခုတပ်စွဲထားတော့ ပတ်ဝန်းကျင်က ရွာကလူတွေ မသွား ရဲမလာရဲကြဘဲ ရှောင်တိမ်းနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ရေး-မော်လမြိုင် သွားကားလမ်းမှာ ရေး PDF တွေရဲ့ မကြာခဏ ချုံခို ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိတာကြောင့် ကားလမ်းဘေးရှိအနီးနား ပတ်ဝန်းကျင်က ရွာတွေဘက်ကို အခုလို စစ်အင်အားတိုးချဲ့ပြီး စစ်ရေးစတင်လှုပ်ရှားလာနိုင်ခြေ ရှိတယ်လို့  ဒေသခံတချို့က သုံးသပ်နေကြပါတယ်။ “ဒေသခံတွေကိုတော့ စစ်တပ်က လူကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေတော့ မလုပ်ဘူးဆိုပေမဲ့ စစ်တပ်က ရွာနားမှာရှိနေတော့ ဒီကလူတွေ […]

Most Read

2024-09-22 22:24:11