Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ


Link [2022-02-06 23:15:13]



စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြို့ပေါ်ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို ပုလဲပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပုလဲမြို့ခံ ကျားသစ်နက်အဖွဲရဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ညက ပုလဲမြို့ပေါ်ကို သွားတိုက်တယ်။ အဖွဲ့သုံးဖွဲ့ခွဲတိုက်ခိုက်ခဲ့တယ်။ တစ်ဖွဲ့က ရဲစခန်းကို တိုက်ခိုက်ကာ၊ အခြားနှစ်ဖွဲ့က ထွေအုပ်ရုံးကိုတိုက်ခိုက်တယ်” လို့ ပြောပါတယ်။ ည ၉ နာရီခွဲကနေ ၁၁ နာရီအချိန်လောက်ထိ နှစ်ဖက်အပြန်လှန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီခန့် ယင်းမာပင်ခရိုင်အုပ်ရေးမှူး ဦးမြတ်လေးနဲ့ ပျူစောထီးအဖွဲ့ဝင်အချို့အပါအဝင် ၈ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  အဆိုပါတိုက်ပွဲကို ပုလဲမြို့နယ် ပကဖအဖွဲ့ဝင် ၁၄ ဖွဲ့နဲ့ နယ်မြေခံ PDF တွေအပါဝင် ယင်းမာပင်မြို့နယ်၊ […]

Most Read

2024-09-22 11:20:56