Breaking News >> News >> Democratic Voice of Burma


အုတ်ဖိုမြို့နယ်က သစ်တောရုံး ဖောက်ခွဲတိုက်ခိုက်ခံရ


Link [2022-02-06 23:15:13]



ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက သစ်တောရုံးတစ်ရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။ အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းထိပ်၊ သပြေကန်သစ်တောရုံးကို မနေ့ ညနေပိုင်းမှာ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ UGF(OKPO) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။ အဲဒီ သစ်တောရုံးက Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဘက်ကို မရပ်တည်တဲ့အပြင် ဝိသမလောဘသား စီးပွားရေးသမားတွေနဲ့ ပူးပေါင်းပြီး ပဲခူးရိုးမက သစ်တွေကို ခိုးထုတ်နေတာကြောင့် သတိပေးဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ သစ်တောသယံဇာတတွေကို မဆင်မခြင် ထုတ်ယူရောင်းစားခဲ့လို့ တစ်နိုင်ငံလုံး ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ခံစားနေကြရကြောင်း၊ လူတစ်စု ကောင်းစားရေးအတွက် အများပြည်သူ ဒုက္ခရောက်စေမယ့် လုပ်ရပ်တွေကို UGF(OKPO) က […]

Most Read

2024-09-22 22:21:57