Breaking News >> News >> Democratic Voice of Burma


နိုင်ငံရေးသမ္မာဒိဋ္ဌိနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု


Link [2022-02-06 23:15:13]



လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်၊ လောကီရေး၊ နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ် ဆောင်ရွက် လုပ်ကိုင်ကြတဲ့အခါ လမ်းမမှားစေဖို့ အခြေခံလိုအပ်ချက်က မှန်စွာသိမြင်ခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိရှိဖို့ လိုအပ်ပါတယ်။ မှန်စွာသိမြင်မှုဆိုတဲ့ သမ္မာဒိဋ္ဌိအမြင်မရှိရင် နောက်ဆက်တွဲလိုက်လာမယ့် အလုပ်သုံးပါး ကံတွေ ဖြစ်တဲ့ မှန်စွာမကြံစည်နိုင်သလို မှန်စွာမပြောဆိုနိုင်၊ မှန်စွာမလုပ်နိုင်၊ မှန်စွာအသက်မမွေးနိုင်၊ မှန်စွာအားမထုတ်နိုင်၊ မှန်စွာသတိမဆောက်တည်နိုင်၊ မှန်စွာမတည်ကြည်နိုင်တော့ဘူး။ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းမထက် လျှောက်လှမ်းဖို့ အတားအဆီးပြဿနာ သောင်းခြောက်ထောင်ကို ရင်ဆိုင်ရုန်းကန်နေဆဲ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့ အကြီးမားဆုံး သမိုင်းတာဝန်ကြီးကတော့ အများသိကြတဲ့အတိုင်း လက်နက်အားကိုး အကြမ်းဖက် စစ်အခွင့်ထူးခံစနစ် ဖျက်သိမ်းရေးနဲ့ ပြည်သူလူထုအများစု လက်ခံမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်‌ထောင်စု အနှစ်သာရအပြည့်နဲ့ ဖွဲ့စည်းပုံတရပ် ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ မျက်‌မှောက်ကာလ မြန်မာ့နိုင်ငံ‌ရေးကို ရှုမြင်လေ့လာ ပါဝင်ပတ်သက်လှုပ်ရှားကြတဲ့အခါ ဘယ်ဟာက အမှန် ဘယ်ဟာက အမှား၊ ဘယ်ဟာက တရားမှု၊ […]

Most Read

2024-09-22 22:21:48