Breaking News >> News >> Democratic Voice of Burma


စစ်ကိုင်းတိုင်း ကန့်ဘလူနှင့်ကလေးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိ


Link [2022-02-06 11:32:47]



စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နဲ့ ကလေးမြို့တွေမှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်သေဆုံးတာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၄ ရက်ကဖြစ်ပွားတဲ့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတိုက်ပွဲမှာ  PDF ရဲဘော် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး  ကလေးမြို့တောင်ပိုင်း ပြင်သာစာသင်ကျောင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပေါင်း ၁၂ ဦး၊ PDF ရဲဘော် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲတွေက ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်က စပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ တပ်စွဲကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ […]

Most Read

2024-09-22 22:35:38