Breaking News >> News >> Democratic Voice of Burma


ကျောက်ဖြူတွင် ချောင်းပိတ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လုပ်မှု ဒေသခံများ စိုးရိမ်


Link [2022-02-05 19:33:13]



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောနဲ့ ဂုံးချွိန်ကျေးရွာအုပ်စုကြားက ကျောက်ဖြူချောင်းကို ပိတ်ပြီး Power China ကုမ္ပဏီက လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြတာတွေ မရှိသလို အကောင်ဖော်နေတဲ့ မြေနေရာမှာ ချောင်းကို ပိတ်ဆို့ တည်ဆောက်နေတာကြောင့် အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံကျေးရွာသားတွေဟာ မိုးရာသီ ရေကြီးရေလျှံဖြစ်ကာ ရေနစ်မြုပ်မှာကို စိုးရိမ်နေကြတာပါ။ ကုန်းဘောင်ကျေးရွာနေ ကိုထွန်းမင်းစိုးက “ကျနော်တို့ ရွာကို ရေမြုပ်မှာကို အရမ်းစိုးရိမ်တယ်။ ဒီစီမံကိန်းကြောင့်  ရွာပျက်စီးသွားမှာကို  စိုးရိမ်တယ်လေ။ အဲဒါကြောင့်  ရွာကို ရေမမြုပ် အောင်ဆိုပြီးတော့ ဘယ်လို ကာကွယ်မလဲပေါ့။ အဲဒါကြောင့် တတ်သိ ပညာရှင်တွေ ခေါ်ပြီး ကိုယ်စားလှယ်တွေခေါ်ပြီးတော့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်”လို့ ပြောပါတယ်။ ကျောက်ဖြူမြို့ရဲ့ သမိုင်းဝင်ချောင်းကို […]

Most Read

2024-09-22 22:35:07