Breaking News >> News >> Democratic Voice of Burma


ရခီးဘူးစစ်ရှောင်စခန်းရဲ့ ကမ္ဘာပျက်ည


Link [2022-02-05 19:33:13]



စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့  ဗုံးလာကြဲတုန်းက မြင်ရ ကြားရတာတွေဟာ  ကမ္ဘာပျက်သလို  ခံစားရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည် ပြည်သူတွေက ပြောပါတယ်။  ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်အခြမ်း ရခီးဘူး စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို ကြုံခဲ့ရပြီး ခြေထောက်မှာ ဗုံးစထိမှန်ခဲ့တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးက သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်ပြောပြခဲ့တာပါ။ ဒီလို လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်မျိုးမလုပ်ဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ ”နားထဲမှာ လေယာဉ်အသံ ဝူးကနဲကြားတယ်။ တစ်ခါတည်း အသံထွက်ပြီးမှ ဗုံးလည်း ကျသွားတယ်။ ကြဲသွားတယ်လေ။ ဘယ်လိုလန့်သွားလည်း မသိတော့ဘူး။ ခုကျတော့ စိတ်ထဲမှာ လေယာဉ်အသံနဲ့ ဗုံးကြဲအသံပဲ ဖြစ်နေတုန်းပဲ။ ပြောမနိုင်တော့ဘူး”လို့ စစ်ရှောင် ဒုက္ခသည် […]

Most Read

2024-09-22 22:14:39