Breaking News >> News >> Democratic Voice of Burma


ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး ၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့တွင် တိုက်တွန်း


Link [2022-02-05 19:33:13]



စစ်အာဏာရှင်စနစ်ကိုပယ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးစား ကြဖို့ ကေအန်ယူထိပ်ပိုင်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ပဒိုစောသမိန်းထွန်းက ပြည်သူလူထုကို တိုက်တွန်းလိုက်ပါတယ်။ ၇၅ နှစ်မြောက် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day) အခမ်းအနားကို ကော်သူးလေ ထိန်းချုပ်နယ်မြေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။ ကေအန်ယူ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောသမိန်းထွန်းက “ဒီကနေ့ ဗမာပြည်ရဲ့ ပြဿနာကတော့ စစ်အာဏာရှင်စနစ် အုပ်ချုပ်နေတဲ့အောက်မှာတော့ မဖြစ်နိုင်ဘူး။  စစ်အာဏာရှင်စနစ်ကို ပယ်ပြီးရင် တကယ်စစ်မှန်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစစ်စစ် နိုင်ငံတစ်ခုပေါ်ထွန်းလာအောင် ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ကေအန်ယူအနေနဲ့ လုပ်ငန်းလမ်းစဉ် အခြေခံမူမှာ ကရင်အမျိုးသား တစ်ခုတည်း အတွက် […]

Most Read

2024-09-22 22:16:56