Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၏ မိသားစုဖမ်းဆီးခံရ


Link [2022-02-05 19:33:13]



မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က  ရန်ကြီးအောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်က မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က  သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ အဆိုပါနေအိမ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသားငယ် အပါဝင် မိသားစုတွေပါ ဖမ်းဆီးခဲ့ဆောင်သွားပြီး ဘာကြောင့် ဖမ်းဆီးသွားခဲ့သလဲဆိုတာ မသိရသလို ပြီးခဲ့တဲ့ရက်တွေကလည်း ရွေး/ကော်မရှင်အဖွဲ့ဝင် ဒေါ်ညို အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မတရားဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်တာကြောင့် ဖမ်းဆီးခံရသူတွေ ရှိသလို PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရသူတွေလည်း ပါရှိခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ နေထိုင်သူ တယောက်က “အခုရက်ပိုင်းတွေမှာ စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ တောက်လျှောက် ပြုလုပ်လာတယ်။ မြို့တွင်းမှာ […]

Most Read

2024-09-22 22:24:20