Breaking News >> News >> Democratic Voice of Burma


ယူကရိန်းနှင့် ရုရှားစစ်တပ်များ အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်


Link [2022-02-05 14:17:12]



ယူကရိန်း စစ်တပ်ဟာ အမေရိကန် လက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၄ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ပြုလုပ်ခဲ့ပါတယ်။  ယူဘောရီစစ်စခန်းမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ တင့်ကားဖျက် ဒုံးလက်နက်တွေ၊ တာဝေးပစ် လောင်ချာတွေနဲ့ တခြား လက်နက်ကြီးတွေ ပါဝင်ပါတယ်။ ဒီစစ်မြေပြင်သုံးယာဉ်တွေနဲ့ လက်နက်တွေဟာ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိတဲ့ အကူအညီရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။  ရုရှားရဲ့ ကျူးကျော်မှုကို စိုးရိမ်နေရတဲ့ ယူကရိန်းကို ဆက်လက် ထောက်ပံ့ပေးသွားဖို့ အမေရိကန် ပြည်ထောင်စုက ကတိပြုထားပါတယ်။  ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်အင်အား ထောင်နဲ့ချီ ပို့ထားတဲ့အတွက် ယူကရိန်းကို ကျူးကျော်မှာကို အမေရိကန်နဲ့ အနောက်မဟာမိတ်တွေက စိုးရိမ်မှုတွေ ရှိနေပေမယ့် ရုရှားကတော့ စစ်ရေးအရ […]

Most Read

2024-09-22 22:29:04