Breaking News >> News >> Democratic Voice of Burma


ပီရူးတွင် အပေါ့စားလေယာဉ် ပျက်ကျပြီး ၅ ဦးသေဆုံး


Link [2022-02-05 14:17:12]



ပီရူးနိုင်ငံ နက်ဇ်ကာသဲကန္တရကို ပျံသန်းခဲ့တဲ့ အပေါ့စားလေယာဉ်တစင်း ဖေဖော်ဝါရီ ၅ ရက် စနေ့နေ့မနက်မှာ ပျက်ကျပြီး လေယာဉ်မောင်း ၂ ယောက်နဲ့အတူ ရှုခင်းကြည့် ခရီးသည် ၅ ယောက် သေဆုံးခဲ့ပါတယ်။ လေယာဉ်က နက်ဇ်ကာမြို့အနီး လေယာဉ်ကွင်းကို ဆင်းသက်နေစဉ်မှာ ပျက်ကျသွားပြီး အသက်ရှင်သူမရှိလို့ မီးသတ်သမားတွေက ပြောပါတယ်။  လေယာဉ်ကို ခရီးသွားလုပ်ငန်းကုမ္ပဏီ Aero Santos က ပိုင်ဆိုင်တာပါ။  နက်ဇ်ကာ ကမ်းရိုးတန်းသဲကန္တရရဲ့ နှစ်ပေါင်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားရှိ သစ်ပင်တွေ၊ တောတိရိစ္ဆာန်တွေက ခရီးသွားတွေကို စွဲဆောင်ထားပါတယ်။  

Most Read

2024-09-22 22:30:34