Breaking News >> News >> Democratic Voice of Burma


ချောင်းဦးမြို့နယ်နှင့် ပုလဲမြို့နယ်တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-02-05 14:17:12]



စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊  ထီးဆောင်းနဲ့ မူးဝရွာကြားထောင်ဇရပ်အနီးမှာ ဇန်နဝါရီ ၄ ရက် မနက်  ၁၁ နာရီလောက်က စစ်ကောင်စီယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကားအစီး ၁၀၀ လောက်ပါတဲ့ ယာဉ်တန်းမှ အစီး ၃၀ လောက်ဟာ  ချောင်းဦးအရောက် ရှေ့ပြေးခွဲထွက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အခုလိုမိုင်းဆွဲခံရတဲ့ စစ်ကောင်စီကားတွေဟာ မြင်းတွေ သယ်ဆောင်လာတဲ့ ကားတွေဖြစ်တယ်လို့လည်း  သိရပါတယ်။ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ရဲ့ တာဝန်ရှိသူတယောက်က “ဒီကောင်တွေ မုံရွာနမခကနေ ကျနော်တို့ ချောင်းဦးမြိုနယ်ဘက်ကို ဒီနေ့မနက်မှာ တက်လာမယ်လို့ သတင်းအတိကျရထားလို့ ကျနော်တို့ ကြိုတင်ပြင်စဉ်ပြီး မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခဲ့တာဗျ။ ထိပ်တိုက်ရင်‌ဆိုင်တိုက်ပွဲ မဟုတ်တဲ့အတွက် ကျနော်တို့ဘက်က အထိခိုက်အကျဆုံးမရှိဘူးဗျ။ သူတို့ဘက်ကတော့ အနည်းဆုံး […]

Most Read

2024-09-22 22:16:28