Breaking News >> News >> Democratic Voice of Burma


ပြည်မြို့တွင် အမျိုးသမီး ၁ ဦးကို ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြပြီး စစ်တပ်က ဖမ်းဆီး


Link [2022-02-04 20:34:30]



ပဲခူးတိုင်း၊ ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ ၀က်တိုးဘုရားလမ်းနေ အမျိုးသမီးတယောက်ကို ဖေဖေါ်ဝါရီ  ၃ ရက် ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။ အဖမ်းခံရသူဟာ  မမုန်း ဖြစ်ပြီး သူ့ကို မနေ့ညပိုင်းမှာ စစ်ကောင်စီက  စစ်ကား၊ ရဲကား ၃ စီးနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူနဲ့နီးစပ်တဲ့ ဒေသခံတဦးက “ရဲမေတွေလဲအများကြီးပါတယ်။ ဘယ်ခေါ်သွားမှန်းတော့ မသိသေးဘူး။ နိုင်ငံရေးတော့မလုပ်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာများ တင်မိလို့လားမသိပါဘူး။ သူ့အမျိုးသားက ကိုဗစ်နဲ့သေသွားတာ အခု သူ့အိမ်မှာက သူ့သမီးလေး တယောက်ပဲကျန်ခဲ့တယ်” လို့ ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကို စောင့်ကြည့် ဖမ်းဆီးအရေးယူတာတွေကို   အခုရက်ပိုင်းမှာဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။  ပြည်ခရိုင်ထဲမှာလည်း   အခုရက်ပိုင်း […]

Most Read

2024-09-22 22:15:46