Breaking News >> News >> Democratic Voice of Burma


ကင်းလှည့်တပ်သားအချို့ ပစ်ခတ်ခံရသဖြင့် ကျွန်းစုအနီးတဝိုက်ရေပြင်တွင် စစ်တပ်ကစစ်ဆေး


Link [2022-02-04 20:34:30]



တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်းက ကဏန်းကျွန်းမော်အနီးမှာ လှေနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရေပြင်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လှေနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီလို ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက ကျွန်းစုမြို့နယ်ထဲက တုန်းပြဲ၊ မင်းခေါင်းဆေး၊ ဂလစ် စတဲ့ ကျေးရွာအနီးတဝိုက်မှာ သွားလာနေတဲ့ ခရီးသွားလှေတွေနဲ့ ငါးဖမ်းလှေတွေကို ခေါ်ယူပြီး ဖုန်းတွေကိုပါ ဖွင့်ကြည့်စစ်ဆေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရေလုပ်သားတစ်ဦးက ပြောပါတယ်။  ဒေသခံတွေအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို မပြုလုပ်ထားပေမယ့် အခုလိုစစ်ဆေးမှုတွေကြောင့် ကြောက်လန့်ပြီး ခရီးဆက်မသွားဘ နောက်ပြန်လှည့်တဲ့ ခရီးသွားလှေတွေနဲ့ ငါးဖမ်းလှေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေတပ်သင်္ဘောတွေအနေနဲ့ နေရာအနှံ့ […]

Most Read

2024-09-23 00:23:09