Breaking News >> News >> Democratic Voice of Burma


ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာသား ၆ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်


Link [2022-02-04 20:34:30]



စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်  သစ်ဆိမ့်ကြီးကျေးရွာက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကောင်စီ အင်အား ၁၃၀ လောက်ဟာ ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။  အပြစ်မဲ့ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ်တာကို ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး လူသားဒိုင်းအသုံးမပြုဘဲ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြောဆိုလိုက်ပါတယ်။  ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို မကြာခဏ ဖမ်းဆီးခေါ်ဆောင်တာ၊ ငွေကြေးတောင်းခံတာတွေအပြင် ရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Most Read

2024-09-23 00:37:36