Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြန်ကောင်းသဖြင့် တရားရုံးချိန်းလာရောက်


Link [2022-02-04 20:34:30]



သဘာဝဘေးကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အဂတိအမှုတွေကို ဖေဖော်ဝါရီ ၄ ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ မနေ့က ရှောင်တာနယ်အမှုကို ကျန်းမာရေးမကောင်းလို့ မလာနိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ရုံးချိန်းမှာ လာရောက်တယ်လို့ သိရပါတယ်။ မနေ့က ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် ဒီနေ့တော့ ကောင်းသွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရ ဟတ်ယာဉ်တစ်စီးဝယ်ယူ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်လို့  စစ်ကောင်စီကစွပ်စွဲပြီး  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်က […]

Most Read

2024-09-23 00:33:20