Breaking News >> News >> Democratic Voice of Burma


ဆောမြို့တွင် ကြံ့ခိုင်ရေးပါတီရုံးနှင့် ဌာနဆိုင်ရာရုံးအချို့ မီးလောင်


Link [2022-02-04 08:58:50]



မကွေတိုင်းဒေသကြီး ဆောမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့မနက်ပိုင်းက မြို့နယ်ကြံ့ခိုင်ရေးပါတီရုံး ၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံ အပါအဝင် ဌာနဆိုင်ရာ ရုံးတချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဆောမြို့ပေါ်က ဌာနဆိုင်ရာရုံးအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်တာလို့တော့ သိရတယ်ဗျ။ ကျနော်သိသလောက်ကတော့ ဆောမြို့ပေါ်က ကြံ့ဖွံ့ရုံး၊ စည်ပင်ရုံးနဲ့ စိုက်ပျိုးရေးရုံးတွေ မီးလောင်းကျွမ်းနေတာတွေ့ရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ ဆောမြို့ ဒေသခံတစ်ယောက်က ဒီဗွီဘီ ပြောပါတယ်။ PDF-ဆောရဲ့ပြန်ကြားရေးတာဝန်ခံက “ဆောမြို့မှာ အခြေနေကတော့ထူးပါတယ်။ ကျနော်တို့ သတင်းမထုတ်ပြန်သေးတာပါဗျ။ ကျနော်တို့ မြေပြင်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆွေးနွေးပြီးတော့ အသေးစိတ်ကို သတင်းထုတ်ပြန်ပေးသွားမယ်” လို့ ပြောပါတယ်။ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဆောမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဖေဖောဝါရီ ၅ ရက်နေ့ ည […]

Most Read

2024-09-23 00:22:51