Breaking News >> News >> Democratic Voice of Burma


ထမင်းအစစ် စားချင်တယ်


Link [2022-02-04 08:58:50]



‘ထမင်းအစစ် စားချင်တယ်’ ဆိုတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကား လူမှုကွန်ရက်ပေါ်ပြန့်လာတယ်။ တချို့လည်းစာနာကြ။ တချို့ဒေါသထွက်ကြ။ ဝမ်းနည်းကြ။ စိတ်မကောင်းကြပေါ့။ တချို့ကလည်း ပဟေဠိ အဖြေညှိသလို စဉ်းစားမိသမျှ အန်ထုတ်လာကြတယ်။ တချို့ကတော့ လှောင်ပြောင် သရော်မော်ကား ပြောတာလည်းရှိရဲ့။ တချို့ကတော့ ဘာသိဘာသာပါပဲ။ အဲဒီ အမျိုးအဖုံဖုံတွေကြားမှာ ခံစားနားလည်ပေးသူတွေလည်း ရှိပေါ့။ ‘ထမင်းအစစ်စားချင်’တဲ့ ခံစားစိတ်မျိုး ကျနော်လည်း ခံစားခဲ့ရဖူးတယ်။ ကျနော်မှ မဟုတ်ပါဘူး၊ ဖက်ဆစ်အကျဉ်းထောင်မှာ အကျဉ်းခံရဖူးသူတိုင်း ဒီခံစားချက်မျိုး အနည်းနဲ့ အများရှိခဲ့ကြတာပါပဲ။ အထူးသဖြင့် မြင်းခြံထောင် ကျဖူးသူအများစုက ပိုခံစားနားလည်ကြမယ် ထင်ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ ပြောလေ့ရှိတာက ‘အိမ်ထမင်း စားချင်တယ်” လို့ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ “ထမင်းအစစ် စားချင်တယ်”တဲ့။  သူ့အနေအထားကြည့်တော့ မိသားစုထမင်းဝိုင်းနဲ့ ကင်းဝေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ […]

Most Read

2024-09-23 00:26:21