Breaking News >> News >> Democratic Voice of Burma


တရုတ်နှင့်ဆက်ဆံရေး ရေရှည်တည်မြဲနေဟု ပေကျင်းရောက် ပူတင်ပြော


Link [2022-02-04 08:58:50]



တရုတ်နိုင်ငံ ပေကျင်းအိုလံပစ်ဖွင့်ပွဲကို ရောက်ရှိနေတဲ့ ရုရှားသမ္မတပူတင်က ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ တန်းတူမိတ်ဖက်ဆက်ဆံရေးရှိမှု၊ အယူဝါဒအခြေမခံမှု၊ ရေရှည်တည်မြဲမှုတို့အပေါ် အခြေခံထားပြီး တနိုင်ငံနဲ့တနိုင်ငံဆန့်ကျင်မှုမရှိဘဲ ပင်ကိုယ်တန်ဖိုး ရှိ တယ်လို့ တရုတ်မီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ China Media Group ဥက္ကဋ္ဌနဲ့  အင်တာဗျူးအစီအစဉ်မှာ ပူတင်က လွန်ခဲ့တဲ့ နှစ် ၂၀ က ချုပ်ဆိုထားတဲ့ ရုရှားနဲ့ တရုတ်ကြား အိမ်နီးချင်းကောင်းပီသရေးနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ဟာ နှစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့အတွက်  အခြေခံကျတဲ့မူဝါဒ ဥပဒေမူဘောင်တခုဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီစာချုပ်ကို သူနဲ့ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့နှစ် ဇွန် ၂၈ ရက်နေ့က နောက်ထပ် ၅ နှစ်သက်တမ်း ထပ်တိုးခဲ့တယ်။  ရုရှားနဲ့ […]

Most Read

2024-09-23 00:26:10