Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ၂ ဦး ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းမလာနိုင်


Link [2022-02-04 01:33:03]



သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်အမှုကို ဖေဖော်ဝါရီ  ၃ ရက် ဒီကနေ့ နေပြည်တော်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ  အမှုတွဲမှာပါ၀င်နေတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေမကောင်းလို့ တရားရုံးချိန်ကို မလာရောက်နိုင်ခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။ အူမကြီးကင်ဆာရောဂါခံစားနေရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ အူကျရောဂါ  ခံစားနေရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်၀င်းတို့လည်း ဆေးရုံမှာ တက်ရောက်ကုသနေဆဲဖြစ်လို့ မလာနိုင်ကြဘူးလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ရုံးချိန်းကို မစစ်ဆေးဖြစ်ဘဲ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။ ပါမောက္ခရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

Most Read

2024-09-23 00:28:30