Breaking News >> News >> Democratic Voice of Burma


နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မင်းကင်းပြည်သူများ အ​ရေး​ပေါ်အကူညီလိုအပ်​


Link [2022-02-04 01:33:03]



စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ်က ပြည်သူ​တွေရဲ့​နေအိမ်​တွေကို စစ်​ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  ​နေ​ထိုင်စား​​သောက်​ရေးအပါအဝင် အခြား​သောအခက်အခဲများပါရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၃၁ ရက် နဲ့ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက ​ကျေးရွာ​​ပေါင်း ၄ ရွာ​က နေအိမ်စုစုပေါင်း ၁၅၀ ​ကျော်ကို မီးရှို့ဖျက်ဆီးသွားကြတာပါ။ ပြည်သူ​တွေဟာ ​နေအိမ်​တွေနဲ့ စပါးကျီ​တွေပါ မီး​လောင်ပျက်စီးသွားတာကြောင့် နေထိုင်​စား​သောက်ရေး​တွေအပြင် လူ့အသုံးအ​ဆောင်ပစ္စည်းတွေပါ အခက်အခဲဖြစ်​နေ​ကြောင်း၊ ဆောင်းရာသီ အ​အေးဒဏ်​ကိုလည်း ခံစား​နေကြရပြီး သက်ကြီးရွယ်အို​တွေနဲ့ က​လေးငယ်​တွေ ပါဝင်တာ​ကြောင့် အကူအညီတေါ အရေးပေါ် လိုအပ်​နေတာလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေး​ခေါင်း​ဆောင် ဗိုလ်သံလုံးက​ ပြောပါတယ်။  စစ်​ကောင်စီတပ်​တွေ မီးရှို့သွားပြီး​နောက် ​မီးကြွင်းမီးကျန်တွေကို ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေက သွား​ရောက်မီးငြိမ်းသတ်ခဲ့ကြစဥ်မှာလည်း စိတ်မ​ကောင်းဖြစ်ခဲ့ရပြီး မျက်ရည်များပါကျခဲ့ရသည်အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။  […]

Most Read

2024-09-23 00:25:41