Breaking News >> News >> Democratic Voice of Burma


မြောက်ဒဂုံတွင် အငြိမ်းစားဗိုလ်မှူးဟောင်း ၁ ဦး အသတ်ခံရ


Link [2022-02-04 01:33:03]



ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ နေထိုင်တဲ့  အငြိမ်းစား ဗိုလ်မှူးဟောင်း တင်မောင်အေးကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ သူ့ရဲ့နေအိမ်ကိုသွားရောက် ရှင်းလင်းခဲ့တယ်လို့  မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။  ဗိုလ်မှူးဟောင်း တင်မောင်အေးရဲ့ နေအိမ်ခြံတခါးကို ဖျက်ဝင်ရောက်ပြီး သူ့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထား ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့  မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ ”ကျနော်တို့မြို့ပြပြောက်ကျားတွေက အကြမ်းဖက်စစ်တပ်လို မည်းမည်းမြင်ရာအကုန်ပစ်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး၊ ဒီနေ့ ဗိုလ်မှူးတင်မောင်အေးကိုရှင်းလင်းရာမှာလည်း သူမိသားစုဝင်တွေကိုပါ တွေ့ရှိခဲ့ပေမဲ့ သူ့တစ်ဦးတည်းကိုပဲ ပစ်မှတ်ထားရှင်းလင်းခဲ့တာပါ၊ မဆိုင်သူတွေ မထိစေဖို့ သေသေချာချာဂရုစိုက်ပါတယ်” ဗိုလ်မှူးဟောင်း တင်မောင်အေးဟာ PDF တွေကို ခြေရာခံပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို သတင်းပေးနေတာတွေကြောင့် သူရဲ့နေအိမ်မှာ ဝင်ရောက်ပြီး  ခုလို ရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗိုလ်မှူးဟောင်း တင်မောင်အေးနှင့် နီးစပ်တဲ့ […]

Most Read

2024-09-23 00:37:27